Sunday, March 15, 2026
spot_img
spot_img

ဟာရီကိန်း ကစားနိုင်မည်ဟု ဆောက်ဂိတ် အတည်ပြု

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က သောကြာနေ့(ယနေ့) ယှဉ်ပြိုင်ရမည့် အမေရိကန်နှင့်ပွဲတွင် တိုက်စစ်မှူး ဟာရီကိန်း ပါဝင်ကစားနိုင်မည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဟာရီကိန်းသည် အီရန်နှင့်ပွဲတွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူရဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် အင်္ဂလန်နည်းပြ ဆောက်ဂိတ်က “သူ သီးသန့်လေ့ကျင့်ခဲ့ရပေမဲ့ သောကြာနေ့ပွဲအတွက် အားလုံးကောင်းမွန်နေပါတယ်”ဟု ပြောကြားခဲ့သည်။

အသက် (၂၉) နှစ်အရွယ်ရှိ ဟာရီကိန်းသည် လက်ရှိ အင်္ဂလန်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သလို၊ အသင်းအတွက် (၇၆) ပွဲတွင် (၅၁) ဂိုး သွင်းယူထားသည်။

ဟာရီကိန်းသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်းအတွက် (၆) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲ၏ ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်ခဲ့ကာ ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments