Friday, March 13, 2026
spot_img
spot_img

ရော်နယ်ဒို ကိုသာ ခေါ်နိုင်ရင် အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မှာလို့ အခိုင်အမာဆိုလိုက်တဲ့ ပီယာစ့်မော်ဂန်

ဒီနေ့ နံနက် အစောပိုင်းမှာ ထွက်ပေါ် လာခဲ့တဲ့ ပီယာစ့် မော်ဂန် နဲ့ ရော်နယ်ဒို တို့ရဲ့ အင်တာဗျူး အပိုင်းအစ အချို့ဟာ ဘောလုံးပရိသတ်ကြား အကြီးအကျယ် ဂယက်ရိုက် သွားခဲ့ပါတယ် ။ ပေါ်တူဂီ လက်ရွေးစင် ဟာ ဗြိတိန် ရုပ်သံ အစီအစဉ် တင်ဆက်သူ မော်ဂန် နဲ့ မိနစ် ၉၀ ကြာ အင်တာဗျူး ပြုလုပ် ခဲ့တာ ဖြစ်ပါတယ် ။

အင်တာဗျူး အပြည့်အစုံကို ဒီတစ်ပတ် နှောင်းပိုင်းမှာ ထုတ်လွှင့် ပေးသွားမှာ ဖြစ်ပြီး အခု လက်တစ်လောမှာလည်း video clips အတိုလေးတွေ ၊ quote တွေ အများအပြား ထွက်ပေါ် နေခဲ့ပြီ ဖြစ်ပါတယ် ။ ထွက်ပေါ် လာတဲ့ အင်တာဗျူး အပိုင်းအစတွေမှာ ရော်နယ်ဒို ဟာ ယူနိုက်တက် တာဝန်ရှိသူတွေကို အကြီးအကျယ် ဝေဖန်ခဲ့သလို နည်းပြ တန်ဟက်ကိုလည်း လေးစားမှု မထားနိုင်ကြောင်း ပြောခဲ့ပါတယ် ။

ဒါတင်မကသေးပါဘူး ၊ ရော်နယ်ဒို က အသင်းဟာ သူ့အပေါ် သစ္စာဖောက် ခဲ့ကြောင်း ဆိုခဲ့ပြီး အသင်းဖော်ဟောင်း ဝိန်းရွှန်းနီ ရဲ့ဝေဖန်မှုတွေကိုလည်း ပြန်လည် တုန့်ပြန် ခဲ့ပါတယ် ။ အာဆင်နယ် ပရိသတ် တစ်ဦး ဖြစ်သလို ရော်နယ်ဒို ရဲ့ အမာခံပရိသတ်တစ်ဦးလည်း ဖြစ်တဲ့ မော်ဂန် ကတော့ ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား ပြီးသွားရင် ယူနိုက်တက် အသင်းမှာ ဆက်ရှိဖို့ အခွင့်အရေး နည်းပါးကြောင်း ဆိုထားပါတယ် ။

အဆိုပါ အင်တာဗျူး အကြောင်း ထွက်ပေါ် အပြီးမှာ Paul Colgan ဆိုတဲ့ စီးပွားရေး အကြောင်း ကျွမ်းကျင်သူ တစ်ဦးက မော်ဂန် ဟာ ရော်နယ်ဒို ကို အာဆင်နယ် အသင်းထံ ရောက်စေချင်နေကြောင်း ပြေးကြည့်စရာ မလို တွေးကြည့်တာနဲ့ သိ နိုင်ကြောင်း ရေးသား ခဲ့ပါတယ် ။

Paul Colgan ရဲ့ရေးသားမှုကို မောဂန် ကလည်း ” ဒါပေါ့ဗျာ ၊ ခင်ဗျားပြောတာ ဟုတ်ပါတယ် ၊ ရော်နယ်ဒို က ကျွန်တော်တို့ သေချာပေါက် လိုအပ်နေတဲ့ ကစားသမားမျိုးပါ ၊ ရော်နယ်ဒို – ဂျေးဇု တို့နှစ်ဦးကအာဆင်နယ် အသင်း အမှတ်ပေး ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ကြမယ့်သူတွေပါ ။ ” ပြန်လည်တုန့်ပြန် ခဲ့ပါတယ် ။

အာဆင်နယ် ပရိသတ်တွေကတော့ မော်ဂန် နဲ့ ဆန့်ကျင်ဘက် ဆန္ဒသာ ရှိနေကြပါတယ် ။ပရိသတ်တစ်ဦးက ” သူက အာတေတာ ထက် ပိုပုံရိပ်ကြီးနေသူပါ ၊ ကျွန်တော်တို့သာ သူ့ကို ခေါ်လိုက်ရင် ထိပ်ဆုံး ၁၀ သင်း ပြင်ပကို ရောက်သွားပါလိမ့်မယ် ၊ မဖြစ်ပါဘူးဗျာ ၊ အသင်း ဒုက္ခရောက်သွားပါလိမ့်မယ် ။ ”

တခြား ပရိသတ် တစ်ဦးကလည်း ” မစ္စတာ ပီယာစ့်ရေ ၊ ခင်ဗျားသိထားရမှာက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားရဖို့ ရော်နယ်ဒို ကို မလိုအပ်ဘူး ဆိုတာပါပဲ ။ ကလပ် အသင်းအပေါ် လေးစားမှု ရှိဖို့က အဓိက ကျသလို အသင်းအတွင်း ပြဿနာတွေကို အပြင်မထုတ်တာကလည်း အရေးကြီးပါတယ် ၊ အာဆင်နယ် က ရော်နယ်ဒို မရှိလည်း ကောင်းနေပြီးသား အသင်းပါ ။ ”

နောက်ထပ် ပရိသတ်တွေကလည်း ရော်နယ်ဒို ကို အာဆင်နယ် အသင်းမှာ မလိုအပ်ကြောင်း ရေးသားထားကြပြီး အသင်းဟာ လူငယ်တွေ နဲ့ တည်ဆောက်နေတဲ့ အသင်း ဖြစ်ကြောင်း တုန့်ပြန် ရေးသားထားကြပါတယ်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments