Friday, March 13, 2026
spot_img
spot_img

‘နာမည်သာ ရှိတဲ့ လီဗာပူး’ လို့ ဆိုကာ ကလော့ရဲ့အသင်းကို မေးခွန်းထုတ်လိုက်တဲ့ လီဗာပူး ဂန္တဝင်

လီဗာပူး နောက်ခံလူဟောင်း စတီဗီနစ်ကိုးလ်က စနေနေ့က တန်းဆင်းအန္တရာယ် ရင်ဆိုင်နေတဲ့ နော့တင်ဟမ်ဖောရက်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ လီဗာပူး အသင်းရဲ့ ဒီရာသီ စွမ်းဆောင်ရည် မတည်ငြိမ်တဲ့ အပေါ် ဝေဖန်မှု လုပ်သွားခဲ့ပါတယ်။ လီဗာပူးဟာ အဆိုပါ ပွဲစဉ်မှာ ဆိုးရွားစွာ ကစားခဲ့ပြီး ဒုတိယပိုင်းမှာ ကစားသမားဟောင်းအဝိုနီယီက အဆုံးအဖြတ်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီပွဲမှာ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမယ့်လည်း အများစုက set-piece တွေကနေ ရခဲ့တာဖြစ်ကာ ကာတစ်ဂျုံး ဖာဘင်ညို အယ်လီယော့ ကာဗယ်ဟို တို့ရဲ့ ကွင်းလယ်ပိုင်းက ရုန်းကန်ခဲ့ရသလို တိုက်စစ်နဲ့ ခံစစ်ကလည်း သိပ်ပြီး မထူးခဲ့ဘဲ အလီဆွန်ကြောင့်သာ မဟုတ်ရင် ဒီထက်ပေးဂိုး များမှာ ဖြစ်ပါတယ်။ ဖောရက်စ်နဲ့ပွဲမတိုင်မီ တီယာဂိုနဲ့ နူးနက် တို့ ဒဏ်ရာရသွားခဲ့တာကလည်း အကူအညီ မဖြစ်ခဲ့ပါဘူး။

အမှတ်ပေးဇယားမှာ ရပ်တည်မှု ကွာခြားနေပေမယ့် ဖောရက်စ်ကို City Ground မှာ ရှုံးနိမ့်ခဲ့တဲ့ အပေါ် လီဗာပူး ဂန္တဝင် စတီ‌ဗီနစ်ကိုးလ် ကတော့ အံ့ဩနေပုံ မရပါဘူး။

ESPN မှာ နစ်ကိုးလ်က “လူတော်တော်များများရဲ့ အမြင်မှာတေယ့ ဒီရလဒ်က အံ့အားသင့်စရာပေါ့ဗျာ။ ဒါပေမယ့် ဒီရာသီ အစကတည်းက လီဗာပူးရဲ့ ကစားပုံ အပေါ် သေသေချာချာ စောင့်ကြည့်လာခဲ့တဲ့သူ ဆိုရင်တော့ ဒါဟာ တကယ့်ကို အံ့ဖွယ်ကောင်းတဲ့ ရလဒ်လို့ ဆိုနိုင်မှာလား? ဆိုလိုတာက သူတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ငါးပွဲမှာ သရေ ၂ ပွဲသာ ရှိခဲ့ကာ နိုင်ပွဲ ပျောက်နေဆဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီတစ်ရာသီလုံး ခြေစွမ်းက လုံးဝ မမှန်ပါဘူး။ အဝေးကွင်း မှာပဲ မဟုတ်ပါဘူး။ အိမ်ကွင်းမှာလည်း ဒီအတိုင်းပါပဲ။

ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကစားခဲ့တဲ့ လီဗာပူး အသင်းနဲ့ ဖောရက်စ်နဲ့ပွဲက လီဗာပူးရဲ့ ပွဲထွက် ကစားသမား စာရင်းကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ လူအပြောင်းအလဲ ၆ ခု ရှိခဲ့ပါတယ်။ ဒီ ၆ ယောက်က ကာတစ်ဂျုံး အယ်လီယော့ ကာဗယ်ဟို ဂိုးမက်ဇ် မီနာ ဖာမီနို တို့ ဖြစ်ပါတယ်။ ဂိုးမက်ဇ်နဲ့ ပက်သက်ပြီး ပြောချင်တာ ရှိပါတယ်။ သူဟာ မန်စီးတီးနဲ့ တစ်ပွဲမှာသာ မယုံနိုင်စရာ စွမ်းဆောင်ပြခဲ့တာပါ။ သူ ဝင်ကစားတဲ့ ပွဲစဉ်တိုင်း အမှားတွေ လုပ်နေတဲ့သူပါ။

အခုဆိုရင် လီဗာပူးဟာ နာမည်သာ ရှိတော့တဲ့ အသင်း ဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ မနှစ်ကနဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက မယုံနိုင်စရာ ‌ခြေစွမ်းတည်ငြိမ်ကာ တိုက်စစ်က ဂိုးတွေ အများကြီးသွင်းယူပြီး ခံစစ်ကြောင်းက မာကျောကျစ်လစ်တဲ့ အသင်းနဲ့ ယှဉ်ပြီး ပြောနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလီဗာပူး အသင်းကို ပြန်လည် မြင်တွေ့ရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပုံ့မှန်အသင်းရဲ့ ပွဲထွက် ကစားသမား ၆ ‌ယောက်လောက်က မရှိ ဖြစ်နေပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်း မဟုတ်ပါဘူး။ ဒီအသင်းဟာ ရုန်းကန်နေရပါတယ်။ ဒါ့ကြောင့် ဖောရက်စ်ကို ရှုံးခဲ့တာဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments